Yadanapon ICT Week


်ရတနာပုံ ICT Week က ဆိုင်ခန်းပုံတွေပါ.. ကိုညီမင်းစံနဲ့တူတူ လျှောက်ရိုက်ထားတဲ့ပုံတွေဖြစ်နေတော့ကာ တစ်ချို့ပုံတွေ သူနဲ့တူနေမလားပဲ.. ဆိုင်ခန်းထဲမှာနေရတာပျင်းတော့ ဟိုဘက်သွား ဓာတ်ပုံရိုက်လိုက်.. ဒီဘက်သွားဓာတ်ပုံရိုက်လိုက်.. အင်တာနက်ဆိုင်ပြေးလိုက်.. ကိုးနတ်ရှင်အတော်ကောင်းတယ်.. ဖရီးလည်းဖြစ်တော့ ချက်လို့ကောင်း ဘလော့တွေဖတ်လို့ကောင်း.. မိုက်သဗျာ.. Andyကောင်ကို သတိရမိသား.. ဟီဟိ .. ဒီမှာ စတိတ်ရှိုးတွေ ဂတ်ဂတ်ရှိုးတွေက အတော်လေးမိုက်သား.. သွားတော့မကြည့်မိပါဘူး.. ဒီမှာ သိပ်လည်းမချမ်းလှဘူး .. ကားစီးရတာတော့ ပင်ပန်းတယ်.. မန်းလေးမှာတည်းတယ်လေ.. မန်းလေးကနေ ရတနာပုံဆိုက်ဘာကိုရောက်ဖို့ ၂၇ မိုင်လောက်ကားစီးရတယ်.. မနက်ဆို တောင်တက်လမ်းကို တက်.. ပြခန်းထဲမှာနေ.. ညနေ ၅ နာရီဆိုင်သိမ်း.. တောင်ဆင်းလမ်းကိုဆင်း.. အားပါး.. ကားမုန်းပါတယ်ဆိုတဲ့ နန်းညီနဲ့ကျမှ လာတိုးနေတာ မစားသာဘူး.. ဟိုနေ့က ကိုလင်းဆက်လာတယ် . . ၁၃ ရက်နေ့က . . ပါဝါမျက်မှန်ကိုင်းထူကိုတပ်လို့. . အောင်မယ်. . အဲဒါ ရုပ်ဖျက်လာတာဆိုပဲ.. ကိုမင်းစံကပြောတာ.. ကိုထွန်းခိုင်. ကိုမောင်လှတို့နဲ့လည်း မိတ်ဆက်လိုက်ဖြစ်တယ်.. မနက်ဖြန်ဆို ကိုသခင်ကြီးလည်း လာမယ်တဲ့.. အန်ဒီကောင်ရေ နာလိုသေးလား . . ကဲပါလေ.. ပုံတွေကြည့်လိုက်ကြပါဦး.. ဆက်ပြီးလျှာမရှည်တော့ဘူး .. :)

ဒါက NEC ပြခန်း

ဒါက အောစုပြခန်း (ASUS)

Lucky Bird ပြခန်း

HUAWIE ရှေ့မှ မိုဒယ်လ်များ

Red Link နဲ့ သူ့ဆီက မမတွေ



ဒါ မိုလ်ဘိုင်းမားသားပြခန်း
တင်မိုးလွင် Presenter လုပ်တဲ့ အောစု ဂတ်ဂတ်ရှိုး.. (Gadget Show) ကိုပြောတာ


ASUS ရဲ့ အီးအီးပီစီ .. (လိုချင်လို့ ၀ယ်ပေးကြပါ)



ကဲ - ဒါပဲ ကုန်ပြီ.. တခြားပြခန်းပုံတွေရှိသေးတယ်.. ဒါပေမယ့် တော်ပြီ.. နန်းညီတို့ပြခန်းပုံကတော့ မေ့ကျန်ခဲ့လို့ .. နောက်များမှ.. ၁၈ ဆို ရန်ကုန်ပြန်ရောက်ပြီ.. မန်းလေးကပါလာတဲ့.. မုန့်တွေ ၀ိုင်တွေ ကျွေးမယ် တိုက်မယ်.. ပြန်လာခဲ့ကြဦးနော်

7 comments:

  1. ထိုးမုန့်ကြိုက်ဘူးနော်။ မြန်မြန်ပြန်လာခဲ့။ ညီလာခံရှိသေးတယ်။

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. GRRRRRRRRRRRRRRRRRRRRRRRRRRRR
    RRRRRRRRRRRRRRRRRRRRRRRRRRRRR
    RRRRRRRRRRRRRRRRRRRRRRRRRRRRR
    :( :( :( :( :(

    ReplyDelete
  4. Eeee PC ဘာလုပ်ဖို့တုန်း... ဘာမှလုပ်လို့မရဘူး... လိုချင်ရင် င့ါ ဦးဘန်တု လိုမျိုးလေးဝယ်... ဟဲဟဲဟဲ

    ReplyDelete
  5. Red Link က မိုက်သဟ ဟီဟိ

    ReplyDelete
  6. လုပ်ဖော်ဆိုတာတော့ဟုတ်ပါပြီ.....ကိုင်ဖတ်ဆိုတာကကော်

    ReplyDelete
  7. Asus အရောင်းပြခန်းက ဓါတ်ပုံကြည့်ရတာ မျက်စိ စူးလိုက်တာ ဗျာ :P

    ReplyDelete

your comment please

Powered by Blogger.