မန်းလေးအပြန်လက်ဆောင်များ
နန်းညီလေးတစ်ယောက်.. ၁၇ ရက်နေ့က မန္တလေးရွှေမြို့တော်ကြီးမှ ရန်ကုန် Home Sweet Home သို့ ဘေးမသီ ရန်မခ.. ပျော်ရွှင်စွာ ကျန်းမာစွာနဲ့ ပြန်ရောက်လာပါတယ်.. ပြန်လာတဲ့အထိတော့ ဘေးမသီ ရန်မခပါပဲ.. အိမ်ပြန်ရောက်ကာမှ ဖြစ်တော့တာ.. အိပ်နေတုန်း ဖုန်းမြည်လို့ ပြေးကိုင်တာ.. ခြေကျင်နေတာကို ကိုယ့်ဘာသာမသိဘဲ ခြေထောက်ထောက်လိုက်တော့ ခြေကအဆစ်လည်သွားပြီး ဘုန်းကနဲကို ပြုတ်ကျတော့တာပဲ.. အဲဒါ အခု ခြေထောက်က ရောင်နေလို့ ဆေးလိမ်း ပတ်တီးစီးထားရတယ်.. လမ်းလျှောက်တာလည်း ထော့နဲ့ထော့နဲ့.. ဘာပဲပြောပြော ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်လာတော့ ပျော်ပါ၏.. မန်းလေးကနေ အားလုံးအတွက် မုန့်တွေ လက်ဆောင်တွေပါတယ်.. Read More လေးကို နှိပ်ပြီး စားသွားကြဦးနော်.. လက်ဆောင်တွေလည်း စိတ်ကြိုက်သာ ယူသွားကြပါ.. နန်းညီရဲ့ ဓာတ်ပုံအစွမ်းလေးကိုလည်း ဝေဖန်သွားကြပေါ့..
ဒါက ပဲမြစ်.. အပြားလည်းပါတယ်.. ကြိတ်ထားပြီးပြန်ပေါင်းထားတာလို့ ပြောတယ်..
ဒါက ငှက်ပျောသီးမုန့်.. ကျောက်ကျောနဲ့ စိန်ဖေကြီးဆိုတဲ့မုန့်ပါ..
ဒါက မုန့်ကျောက်ပေါက်တဲ့.. မုန့်ဆီကြော်ကို မြေပဲထည့်ထားတာပါပဲ..
ရောင်းတဲ့သူကပြောတဲ့ မုန့်လုံးကြီး (နန်းညီမြင်တာတော့ အပြားလေးတွေပါ)
အချဉ်ပေါင်းတွေ .. နန်းညီကတော့ မကြိုက်ပေမယ့် ကြိုက်တဲ့သူတွေ စားလို့ရအောင်.. ဒါက သီးသီး အခြောက်တဲ့
ဒါက မက်မန်းသီး
ဒါက .. .. ဘာတဲ့.. .. အော် ဒုက္ခပဲ.. ပါးစပ်ဖျားတင်ပါ.. အော် သိပြီ.. စောင်းလျားသီး စောင်းလျားသီး
ဒါကတော့ မမတွေ ညီမလေးတွေ အန်တီတွေအတွက် လက်ကောက်လေးတွေ
ဒါကတော့ အများမျှော်လင့်စောင့်စားနေတဲ့ မေမြို့ဝိုင်ပါပဲ.. (Andy ကောင်.. ၀ိုင်ပါတယ်နော်.. ကျေနပ်ပလား.. ငါ့စာအုပ်တွေပြန်ပေးတော့)
11 comments:
  1. ဟားဟား မန်လေး အချဉ်ပေါင်းနဲ့ ဝိုင်ပါတယ်ကွ ဒန်တန့်ဒန်
    ReplyDelete
  2. မင်္ဂလာပါ ...
    Read More လေးနှိပ်ပြီး မန်းလက်ဆောင်မုန့်တွေကို အားပါးတရ စားသွားပါတယ် ... မနန်းညီလေး ...။
    ခြေထောက်နာလို့ ထော့နဲ့ထော့နဲ့ကြားက ဧည့်ခံတာမြင်တော့ အားတောင်နာမိတယ် ... ဆေးမှန်မှန်လိမ်းပါ ... မေမြို့ဝိုင် တစ်ပုလင်း ယူသွားတယ်နော် ... ကျေးဇူး ... :) ... ။
    ReplyDelete
  3. လက်ကောက်တွေ ယူသွားတယ် ဟေး...
    မုန့်တွေ လဲစားတယ်..
    ဟို အုတ် က ထ အကုန်မသွားလို့...
    ReplyDelete
  4. ချန်ထား ပြန်လာရင်စားမယ်။ ဒါဗြဲ။ :)
    ငါ့ညီမလေး အုံဖွ။
    ReplyDelete
  5. ၀ိုင်တွေ အမုန်းဆွဲသွားတယ်နော်။
    အော် မေ့လို့။ မြန်မြန်ပြန်ကောင်းပါစေဗျာ။ :D
    ReplyDelete
  6. မေမြို့ဝိုင်လေး တစ်ပုလင်းဆွဲသွားတယ် ညီမလေးရေ....
    ခြေလည်သွားတာ မပေါ့နဲ့နော် အဆစ်လွဲတာ အကြောသိတဲ့လူနဲ့ နှိပ်လိုက်သိလား..
    ငါ့ညီမလေး မုန့်အလှူ ၀ိုင်အလှူလှူရတဲ့အတွက် နှစ်သစ်ကူးမှာ မုန့်တွေ အများကြီး စားရပါစေ...
    ReplyDelete
  7. အဟီး.. အပေါ်ကမုန့်တွေ အားလုံးကြိုက်တယ်။ အထူးသဖြင့်မုန့်ဆီကြော်။ မုန့်ကျောက်ပေါက်လို့မပြောဘူး.. စားချင်စိတ်ပျောက်သွားလို့း(
    အောက်ကအချဉ်တွေတော့ ကြည့်တာနဲ့ပါးစပ်တွေကိုချဉ်ပြီး ပါးတောင်တွန့်ချင်ချင်..
    ဘာပဲဖြစ်ဖြစ်လက်ဆောင်လေးတွေ တင်ပေးလို့ယူစားသွားပြီမနန်းရေ။း)
    ReplyDelete
  8. ခြေထောက်အဆစ်လည်သွားတယ်ဆိုလို့ စိတ်မကောင်းပါ။ အနော်လည်း လက်ကောက်ဝတ်အဆစ်လွဲသွားလို့ ဆေးလိမ်းထားရတယ်း(
    ReplyDelete
  9. ခြေထောက်အမြန်ဆုံးပြန်သက်သာပါစေ ညီမရေ။
    မန်းလေးက မုန်မျိုးစုံလာစားသွားပါတယ်။
    ReplyDelete
  10. ငါ့ညီမလေး မသေကောင်းမပျောက်ကောင်းပါလား။ အင်းလူကြီးကို စော်ကားရင်ဖြစ်တတ်တယ်ဆိုတာ တယ်မှန်တာပဲ။ ဟိုနေ့က အစ်မ ညီ့ကို စလိုက်မိတာ အဲ့နေ့ညပဲ ခြေထောက်နာသွားတယ် ထော့နင်းထော့နင်းပေါ့။ အဖြစ်သနစ်စုံကိုတော့ အန်ဒီကောင်သာမေးကြည့်ပေတော့။ မူးပြီးမှောက်နေပြီလားတောင်မသိဘူး။ အစ်မကတော့ ခုတော့ မကောင်းတာတွေ ရှောင်တယ်၊ ကောင်းတာတွေပဲလုပ်တယ်။ ဝိုင်က နည်းလိုက်တာဟာ ...။
    ReplyDelete
  11. တားတားနောက်ကျတာ . ၀ိုင်ကုန်ပီ .. ထူးပါဘူး . လက်ကောက်တွေ ယူသွားတယ်. .. နန်းညီ နေမြန်မြန်ကောင်း တားတားဆုတောင်း အပေါင်းအသင်းများနဲ့ ပေါနိုင်စေ ..
    ReplyDelete
your comment please
Powered by Blogger.