သေခြင်း
ကျွန်မချစ်ခင်ရတဲ့ သူတစ်ယောက် ကျွန်မကို သေခွဲခွဲသွားပြန်ပါပြီ..
ကျွန်မရဲ့ အဘိုးပါ.. အဘိုးဆိုပေမယ့် အရင်းတော့ မဟုတ်ဘူး.. ၀မ်းကွဲခေါ်လား.. ဘိုးလေးခေါ်မလား.. ဒါပေမယ့် တအားတော့ ရင်းနှီးပါတယ်..
ငယ်ငယ်ကဆို အဲ့ဒိအိမ်မှာပဲ အမြဲ.. ကျောင်းပိတ်တိုင်း သွားနေကြ.. အဘိုးနဲ့ ဘွားကြည်.. သူတို့သမီး အန်တီလေးနဲ့ သူတို့သားငယ် ကိုကြီးထူး.. ဘွားကြည်က စည်းကမ်းသိပ်ကြီးပါတယ်.. အဘိုးကတော့ အလိုလိုက်တယ်.. အန်တီလေးနဲ့ကတော့ ငယ်ငယ်ကတည်းက ပေါက်တတ်ကရတွေပြော.. ရယ်ကြမောကြ.. ကိုကြီးထူးနဲ့ပေါင်းပြီး ဘွားကြည်ကိုစရ နောက်ရတာကလည်း ပျော်စရာပဲ.. အဘိုးက မုန့်ဖိုးအမြဲပေးတယ်.. “ငါ့မြေးကို မုန့်ဖိုးပေးရမယ်” ဆိုပြီးရင် အန်တီလေးအိတ်ထဲက အမြဲနှိုက်ပေးတတ်တယ်.. :)
အခု အဘိုးဆုံးတော့ ၇၉ နှစ်..
သူသေသွားပေမယ့် ဘယ်လိုမှလည်း မနေပါလားလို့ တွေးမိတယ်.. ဘာမှလည်း မဆုံးရှုံးသွားသလို.. အားလုံးက ဆက်ပြီး အသက်ရှင်နေသွားမှာပဲ.. အဲဒါကို တွေးမိတော့ သူ့အတွက် ၀မ်းနည်းတယ်.. တကိုယ်ကောင်းဆန်တဲ့သူမို့လားတော့မသိဘူး.. ငါ့အဖေ အမေတွေ ငါ့အစ်ကိုတွေ ညီမ. မောင်နှမတွေ မရှိတော့ရင် ငါဘယ်လိုများနေမလဲ စဉ်းစားမိတယ်.. ၀မ်းနည်းတယ်ဆိုပေမယ့် ဆက်ပြီး အသက်ရှင်သွား မှာကတော့ သေချာတယ်နော်.. ကိုယ့်အတွက်ကိုယ် တွေးခြင်းနဲ့ အဆုံးသတ်တာပဲ.. ငါ့ကို မုန့်ဖိုးပေးမယ့်သူ .. ငါ့ကို ချစ်မယ့်သူတစ်ယောက်လျော့သွားပြီ.. သူ့လိုပဲ.. ငါသေသွားလည်း ဘယ်သူမဆို အသက် ဆက်ရှင်ကျန်ခဲ့မှာပါလားလို့ တွေးမိတော့ ပိုပြီးဝမ်းနည်းမိတယ်..
7 comments:
  1. ညီ့အတွေးက ရုတ်တရက်ဆို အမြင်ကတ်စရာလို့ ထင်ရပေမယ့် ဒါအမှန်တရားပဲ။ ဟုတ်လိုက်လေ ညီရေ။
    ReplyDelete
  2. ~ ရထားတစ်စင်းက ထွက်ခွာချိန်မှာ ~
    ~နောက်ထပ်ရထားတစ်စင်း ရောက်လာမယ်။ ~
    လေးဖြူသီချင်းဆိုကြည့်တာ။ ဒီလိုပါပဲ။ ပြီးတော့လည်း ငါဆိုတာကြီးကို မေ့သွားကြမှာပါ။ ငါမရှိရင် မဖြစ်ဘူးလို့ ဘယ်တော့မှ မတွေးမိစေနဲ့ပေါ့။ ငါမရှိရင် ငါ့နေရာမှာ တခြားတစ်ယောက် အလိုလိုရောက် လာပါလိမ့်မယ် ညီညီရယ်။
    ReplyDelete
  3. ကိုယ့်ရဲ့နေရာလေးက ခဏတော့ လစ်ဟာသွားမယ်..
    အားလုံး ခဏ ငိုကြမယ်...
    နောက် အဲဒီနေရာလေးက သူဘာသာ အခြားသူတွေနဲ့ ပြန်ပြည့်သွားမယ်
    အားလုံးကိုယ့်ကို မေ့သွားကြလိမ့်မယ်..
    ReplyDelete
  4. ဟုတ်တယ်။ ငါမရှိရင် မဖြစ်ဘူးဆိုတဲ့
    လူတွေတွေ့ရင် ကိုကိုလဲ ခဏခဏပြောပြချင်တယ်။
    ခဏတာတော့ ၀မ်းနည်းကျမယ်။
    ပြီးရင် မေ့သွားမှာပဲလေ ညီ့ အမျိုးတွေ
    သေဆုံးတဲ့အချိန်မှာ ညီ့ဆီမှာ
    အားကိုးစရာရှိနေလောက်ပါပြီ။
    အဲ့လောက်အားမငယ်ပါနဲ့ :P ဟုတ်တယ်ဟုတ်။
    ReplyDelete
  5. ဟုတ်ပါတယ်။ လူ့သဘာဝပါပဲ။ ရှင်သန်ပြီးကျန်နေခဲ့တဲ့သူလဲ တစ်ချိန်ကျရင် သေဦးမှာပါ။ အဲ့ဒီ့အချိန်ကျရင် နောင်လာမျိုးဆက်တွေက ခဏတော့ ဝမ်းနည်းကြပါလိမ့်မယ်။
    ReplyDelete
  6. မတူး .. ကိုဗီ ..ကိုလင်း ..ကိုကို .. တက်လူငယ်..
    ReplyDelete
  7. လူဆိုတာသေမျိုးပါ။ဘယ်သူမဆိုသေရမှာပါပဲဗျာ
    အလုကြားရတာလဲ စိတ်မကောင်းပါကြောင်း
    ReplyDelete
your comment please
Powered by Blogger.