ကြောင်ပါပေ့ နန်းညီ

ဟီဟီဟိ ..
ဒီပို့စ်က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုတော့ ဖြစ်သား.. ဒါပေမယ့် ၀မ်းသာလွန်းလို့ ပြောပြချင်လို့ ထောင်းကာမှ ထောင်းရောဆိုပြီးရေးရတာ.. အစ်ကိုတော်တွေလည်း ဖတ်ပြီးရင် နရင်းအုပ်ချင်မလားပဲ.. (ကိုဂျဲ .. ကိုဗီ.. ကိုဂါဒင်နာ.. ကိုမင်းစံနဲ့ တခြားဘလော့ဂါ အစ်ကိုတော်များ.. အစ်မတော်များ..ဦးလေးတော် အန်တီတော်များ.. ဘလော့ဂါမဟုတ်တဲ့ အစ်ကိုတော်များ..) ခွင့်လွှတ်တော့ဗျို့.. နန်းညီဖွန်ကြောင်ပုံလေး ပြောပြမလို့ .. ခွင့်မလွှတ်ချင်လည်း “ကြောင်ဦးဟဲ့” ဆိုပြီးသာ နာရင်းရိုက်လိုက်ပါတော့.. (မောင်တော် ညီမတော်တွေတော့ပါဘူး.. သူတို့က အငယ်ဆိုတော့ ဆုံးမလို့မှမရတာ.. လာဆုံးမရင် ပြန်ဟောက်ပစ်မယ်.. ဟွန်း )

မနေ့က.. (ဟီဟီဟိ )
ကျောက်မြောင်းကနေ သူငယ်ချင်းတစ်ယောက်ရဲ့ အင်တာနက်ဆိုင်ကပြန်လာတော့.. လမ်းထိပ်မှာ ကားချောင်ချောင်လေးတွေ့တာနဲ့ တက်စီးလိုက်တယ်.. နောက်ဆုံးခုံတန်းမှာ နေရာလည်းရတာနဲ့ ၀င်ထိုင်လိုက် တာပေါ့.. ခဏနေတော့ ကောင်လေးတစ်ယောက်တက်လာတယ်.. စိတ်ထဲကနေ အော်လိုက်မိတာက.. “ဗုဒ္ဓေါ.. စိုင်းခမ်းလုံတော့ ! ”

စိုင်းခမ်းလုံဆိုတဲ့ ကောင်လေးက
နန်းညီပထမနှစ်ကတည်းက သဘောကျနေတဲ့ကောင်လေး.. ကျောင်းတော့မတူဘူး.. သူကအီကိုက.. ဒါပေမယ့် ကျောင်းဘေးက အောင်ဇေယျအိမ်ရာမှာ သူကလည်း သူငယ်ချင်းတွေနဲ့ အခန်းငှားနေတော့ အိမ်ချင်းနီးတယ်ဆိုပါတော့.. နည်းနည်းလည်း ခင်တယ်.. မကြာခဏ တွေ့နေတော့ မျက်မှန်းတန်းမိနေပြီး မေးထူးခေါ်ပြောပေါ့.. ပြီးတော့ သူနဲ့က ဇာတ်လမ်းတွေရှိဖူးတယ်.. ပို့စ်သိပ်မရှည်ဘူးဆိုရင် ပြောပြမယ်နော်..
သူ့ကို သဘောကျတယ်ဆိုတာ ကြိုက်တာ ချစ်တာမဟုတ်ဘူးနော်.. သဘောကျရုံလေးပဲ.. သူ့ကို တွေ့ရင် လိုက်လိုက် ကြည့်မိတယ်.. ဒါပဲ.. သူပြုံးရင် တအားချစ်စရာကောင်းတယ်.. သွားတက်ကလေးတွေနဲ့.. အသားညိုညိုလေး.. ပိန်တယ်.. ရှည်တယ်.. ဆံပင်က ပျော့ပျော့ရှည်ရှည်လေးတွေနဲ့.. တအားကို ချစ်ဖို့ကောင်းတယ်.. တကယ် တအားတအား အရမ်းကို ချစ်ဖို့ကောင်းတယ်.. (ဟီဟိ) .. သူ့ကောင်မလေး ကလည်း ချစ်စရာကောင်းတယ်.. သူတို့ ၂ ယောက်တွဲ သွားရင် ပိုတောင်ချစ်ဖို့ကောင်းသေးတယ်.. ကောင်မလေးကလည်း ပိန်ရှည်လေးဆိုတော့ လိုက်တယ်လေ.. ဒါပေမယ့် အမှန်အတိုင်းပြောရရင်တော့ ၂ ယောက်တွဲကြီး သိပ်တော့ မမြင်ချင်ပါဘူး.. ထားပါတော့..

အဲဒါနဲ့ပေါ့.. ကားပေါ်ကိုသူတက်လာတယ်.. တက်တက်ချင်းထိုင်ခုံမှာပဲ နန်းညီက ထိုင်နေတာဆိုတော့ သူမြင်သွားတယ်.. ပြုံးပြတယ်.. (ဟေဟေ့) .. နန်းညီလည်း ပြန်ပြုံးပြလိုက်တယ်.. သူကနန်းညီထိုင်နေတဲ့ခုံရှေ့မှာ လာရပ်တယ်.. ကိုင်ပေးစရာ ထမင်းချိုင့်တွေဘာတွေ ဘာတစ်ခုမှ မပါတော့ ဘာမှလုပ်မရဘူးဖြစ်နေတယ်.. ဒီလိုပဲ ဟိုဘက်ကြည့်.. သူ့မျက်နှာမော့ကြည့်.. ဒီဘက်ကြည့်.. သူ့မျက်နှာကိုကြည့်.. အပြင်ဘက်တွေ လျှောက်ကြည့်.. သူ့မျက်နှာပြန်ကြည့်.. ကားထဲကိုလျှောက်ကြည့် သူ့မျက်နှာကြည့်.. (ကိုယ့်ဘာသာကိုယ်တော့ rhythm တွေမိနေတာပဲ.. အဟဲ ).. သူ့ကြည့်နေတာ သူသိရင်လည်း သိမှာပေါ့နော်.. ဒါပေမယ့် မသိသလိုပဲ.. အဲဒါနဲ့ကွာ.. ဆင်းရမယ့်မှတ်တိုင်ရောက်တော့ နန်းညီက ထလာတာပေါ့.. သူက ဆင်းဦးမယ့်ပုံမပေါ်ဘူး.. အဲဒါနဲ့ အပေါက်မှာရပ်နေတုန်း.. (အပေါက်မှာနန်းညီရပ်လိုက်တော့ သူနဲ့ကျောချင်းကပ်ရက်ဖြစ်သွားတယ်.. ဒါပေမယ့် ၂ ယောက်စလုံးက ကျောပိုးအိတ်လွယ်ထားတော့ အိတ်ချင်းကပ်ဆို ပိုမှန်မယ်ထင်တယ်).. စဉ်းစားလိုက်တာ.. ငါသူ့ကို နှုတ်ဆက်လိုက်ရင်ကောင်းမလားပေါ့.. တော်ကြာ မျက်မှောင်ကြီးကုပ်ပြီး ပြန်ကြည့်ရင် ဒုက္ခပဲလို့လည်း တွေးမိတော့ မနှုတ်ဆက်ရင်ကောင်းမလား.. ဆက်ရမလား မဆက်ရမလား.. အတော်ကြာတယ်..စဉ်းစားတာ.. နောက်ဆုံးတော့ နှုတ်ဆက်မယ်ဆိုပြီး..
နောက်ကိုလှည့်..
ပုခုံးကိုပုတ်ခေါ်ပြီး..
သူလှည့်ကြည့်တော့ ...
ပြောပစ်လိုက်တယ်..
..
“တာ့တာ ဆင်းတော့မယ်” လို့..

ဟယ်.. သူကမျက်မှောင်မကုပ်ဘူး.. ပြန်ပြုံးပြတယ်တော့.. သွားတက်လေးတွေပေါ်တဲ့အထိ.. ပြီးတော့ ပြောသေးတယ်.. “ကောင်းကောင်းသွား.. မှောင်တောင်မှောင်နေပြီ” တဲ့..
အဟီး.. ဒါပဲ..
ဟဲဟဲ. . ဒါပါပဲ.. တကယ်ဒါပဲ..

အော် အော်.. ဇာတ်လမ်းဆိုတာလား. အဲဒါက ဒီလိုလေ.. တစ်ခါက နန်းညီက စာအုပ်သွားငှားတော့.. သူက စာအုပ်ဆိုင်ကောင်တာမှာ ထိုင်နေတယ်.. သူ့ဆိုင်တော့ မဟုတ်ပါဘူး.. သူ့သူငယ်ချင်းဆိုင်.. နန်းညီဝင်လာတာ မြင်တော့ သူကမော့ကြည့်တယ်.. ပြီးတော့ ထလာတယ်.. စာအုပ်စင် အပေါ်ဆုံးအကန့်က စာအုပ်တွေ အောက်ကိုချပေးပြီး .. “ဒါက ဘာသာပြန်တွေ.. ဖတ်တယ်မဟုတ်လား ဘာသာပြန်” တဲ့.. နန်းညီက “ဟုတ်” လို့ပြောတော့.. “ရွေးပေါ့.. မမီမှာစိုးလို့.. အရပ်က ပုရှာတယ်မဟုတ်လား” တဲ့.. ပြီးတော့ စာအုပ်စာရင်းမှတ်တော့ သူ့သူငယ်ချင်းအစ်ကိုကြီးက နာမည်ပြောဆိုလို့ ညီညီလို့ပြောတော့ .. ကိုညီညီလို့ မှတ်တယ်.. အဲဒါကို သူက၀င်ပြီး “ကိုညီညီမဟုတ်ပါဘူး.. မညီညီပါကွာ..မင်းကလဲ.. နန်းညီ နန်းညီ” လို့ ပြောပြီး သူပဲ စာရင်းစာအုပ်မှာ ၀င်ရေးလိုက်သေးတယ်.. သူနန်းညီနာမည်ကို သိနေတယ်လို့ ပျော်ရတဲ့နေ့..

အင်း.. တခြားကိစ္စတွေရှိသေးပေမယ့် သိပ်အကြီးအကျယ်ကြီး မဟုတ်ပါဘူး.. ဒီလိုပဲ အသေးအဖွဲတွေပေါ့..

:D

13 comments:

  1. ဟဟ အစ်ကို ခြေရာနင်းမယ့် ညီမပဲ။ လုပ်ထားလုပ်ထား။ မတိုက်ဆိုင်ရင် တိုက်ဆိုင်အောင်ကြံ၊ မကြုံရင် ကြုံအောင်လုပ်၊ ဇာတ်လမ်းမရှိရင် ရှိအောင်ရှာ။ ဒါမှ............... ဒန့်တန့်တလန့် :P

    ReplyDelete
  2. သြော်သြော် အတော်ကိုကြိုးစားတဲ့ ငါ့ညီမပဲ ... ဘာကိစ္စတူရမှာလဲဟ ... ဒါ ဆူစရာမှမဟုတ်ဘဲ။ ဟီဟိ ချကွ။

    ReplyDelete
  3. တို့လည်း ဒီအရွယ်တုံးက ဒီလိုပဲ ဟိဟိ
    ဒါပေမယ့် ခုကြီးလာတော့ ကဲကကဲချင်
    အိန်ဒရေလည်းဆောင်ရသေးဆိုတော့
    အနောနီးမတ်စ်နဲ့ မန့်သွားတာသာကြည့်တော့

    ReplyDelete
  4. ဟေး ဟေး အားပေးတယ်။ :)

    ReplyDelete
  5. ညီရေ..ကြိုးစားထားနော်...နီးပြီ..
    ဘာနီးတာလည်းတော့သိဘူးနီးတော့နီးပြီ

    ReplyDelete
  6. ဒီကောင်မလေး ဘာတွေရေးထားတယ် မသိ...ဟိ..ဖတ်လို့တော့ကောင်းသား..

    ReplyDelete
  7. နန်းညီ ရေးထားတာလေး ဖတ်လို့ အရမ်းကောင်း နောက်ပိုးမလေး.. :) ဟဟား

    ReplyDelete
  8. ဟုတ်တယ် မယ်ညီ ငါလဲ အရမ်းကြိုက်တာ....
    အဲဒါကြောင့် အားလုံး အကုန်လုံး နီးပါ ကော်ပီထားတာပေါ့....
    ရင်ဘတ်လေးနဲ့ ခံစားတာလေး တစ်ခုပဲ ငါစိုက်ရတာ..
    ဒါပေမယ့် တိုက်ဆိုင်စွာ ငါ့ဆီမှာ တစ်ကယ်ဖြစ်လာခဲ့တာတွေပါ....

    ReplyDelete
  9. ညီ့ဆီမှာ အကို့ကိုလဲ အဲ့လိုလာကြောင်မဲ့
    ကောင်မလေး သူငယ်ချင်းမရှိဘူးလား။
    ရှိရင် မိတ်ဆက်ပေးနော်။ ကျေးဇူးမမေ့ပါဘူးဗျာ။

    ReplyDelete
  10. ကိုဖိုးဂျယ်ပြောသလိုပါပဲ :)

    ReplyDelete
  11. ကြောင်တယ်ကွာ...။ အဟတ်ဟား...
    မိုင်ဆွန်ပီမိုင်တိုင်းခ။

    ReplyDelete
  12. အင်း . .တော်တော် ဖလပ်ဖလပ် ဖြစ်နေပုံပဲ ... စကားက မစရသေးဘူး . .ဟီဟိဟိ က အရင် .. ပေါချက်ကွာ ......

    ReplyDelete

your comment please

Powered by Blogger.