ဇော်ဇော်အောင်ကြိုက်တဲ့ကဗျာ

ဇော်ဇော်အောင်ရေးတဲ့..အနုပညာမပါတဲ့ အနုပညာ ဆိုတဲ့စာအုပ်လေးကို သူငယ်ချင်းကိုသစ်က မွေးနေ့လက်ဆောင်ပေးလို့ ဖတ်ဖြစ်ပါတယ်.. ဇော်ဇော်အောင်ကို ၀တ္တုတိုတွေတော့ ဖတ်ဖြစ်တယ်.. သူရေးတဲ့အက်ဆေး တွေတော့ သိပ်မဖတ်ဖြစ်ဘူး .. အခုစာအုပ်ကတော့ အက်ဆေးတွေချည်းပဲ ရေးထားတာပါ .. အဲဒိထဲမှာမှ ... သူကြိုက်တယ်ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ကိုယ်ကလည်း သဘောကျလို့ ဒီမှာပြန်တင်လိုက်ပါတယ် .. သူကတော့ ပြန်ပြီးရှင်းပြထားသေးတယ်. .ကဗျာအယူအဆတွေ ဘာတွေညာတွေ ..ထားပါတော့ .. ကဗျာလေးကိုပဲ တင်ပေးလိုက်တော့မယ်. .ဖတ်ပြီး ကိုယ်လိုသလိုသာခံစားပေတော့ .. (ကယ်လ်ဆမ်ကွေကာ ကိုယ့်အတွေးနဲ့ကိုယ်သောက်ကြသည်..ဆိုသလိုပေါ့ရှင်)

မျှော်ခြင်း
ဆိုင်းသံများ ..
ကြားလို့ကတော့
ဓားကိုချ ..
က ပစ်လိုက်မှာပေါ့ .. ....... တဲ့ ...
ကဗျာရေးတဲ့သူက ချမ်းမင်းအိမ်ပါ .. သူကတော့ ဆိုင်းသံကြားရင် ..(ကြားများကြားခဲ့ရင်..ကြားဖို့မသေချာပါဘူး ) .. လက်ထဲက ဓားကိုချပြီး ကပစ်လိုက်ပါမယ်တဲ့ ..
ကျွန်မတို့ရော .. ဘာကိုများမြင်ရင် ကြားရင် ရရင် ဘာကိုစွန့်ပစ်မှာလဲ .. ရဖို့ .. ရောက်လာဖို့..မသေချာတဲ့ အရာတစ်ခုအတွက် ..လက်ထဲမှာရှိနေပြီးသား အရာတစ်ခုခုကို ပစ်ချဖို့ အသင့်ဖြစ်နေတာ ဘယ်လောက်များကြာနေပါပြီလဲ .. .. ..

2 comments:

  1. ဟုတ်ပဗျာ ... ကိုယ့်အတွေးနဲ့ ကို သောက်ရတဲ့ ကယ်လ်ဆမ် ကွေကာ ကြော်ငြာလိုပါပဲ ... ကျနော်မြင်တာက
    (၁) အက ၀ါသနာပါတဲ့သူက ဆိုင်းသံကြားရင်မနေနိုင်လို့ လက်ထဲရှိတဲ့ဓား (အလုပ်လုပ်နေရင်းမှ) ကိုချ၊ ထ, က တဲ့လူကိုပြောတာ။
    (၂) ဆိုင်းသံဆိုတာ အလှူရဲ့ အသံ၊ အလှူဆိုတာ စည်ပင်ဝပြောပြီး၊ အေးချမ်းလို့ လုပ်တာ၊ ဒီတော့ တို့ပြည်ကြီးသာ အေးချမ်းလို့ စည်ပင်ဝပြောပြီး အလှူဆိုင်းသံလေးများကြားရရင်၊ ငါတို့ တိုက်နေတဲ့ စစ်ပွဲ (ဓားက စစ်မက်တိုက်တာကို ရည်ညွှန်းတာ) ကို ရပ်လို့ ရပြီပေါ့တဲ့ ....
    နန်းညီ ရှင်းထားသလို ယူလည်း ရတာပဲ။ ဒါက ဘာနဲ့ ဆင်တူသလဲဆိုတော့ performance art အမျိုးအစားပဲဗျ။ ကြည့်သူက တွေးယူရတာ....

    ReplyDelete
  2. ဒုတိယအဓိပါယ်ကပိုဖြစ်နိုင်မယ်ထင်ပါတယ် ..

    ReplyDelete

your comment please

Powered by Blogger.