နန်းညီမိတ်ဆက်

နန်းညီဆိုတာက ငယ်ငယ်ကတည်းက ပန်းချီပါမောက္ခအဖေက ပိုးသွင်းပေးထားလို့ ပန်းချီကို စိတ်ဝင်စား..မတောက်တခေါက်ဆွဲတတ်သူဆိုပါတော့ ..ဒီလိုနဲ့ ၁၀ တန်းအောင်လာတော့ အမှတ်ကလေး ၄၀၀ ကျော်နဲ့ ဘယ်တက္ကသီလာကြီးမှာ တက်ရောက်ပညာသင်ကြားရမလဲ စဉ်းစားရတာက အလုပ်တစ်ခု. .ဖြစ်ချင်တာကတော့ ဗိသုကာပညာရှင်ကြီးပဲ .ဒါပေမယ့် အဲဒါဖြစ်ဖို့ဆိုရင်က ဂျီတီဆီဆိုတာကြီးကို တဝေးတလံ အဆင့်ဆင့်တက်နေရဦးမှာ.. (မြန်မာနိုင်ငံပညာရေးက သိတော်မူကြတဲ့အတိုင်း) ..ဒါနဲ့ နိုင်ငံခြားဘာသာသင်သွားတက်ပြီး ခရီးသွားလုပ်ငန်းထဲ ခြေစုံရော လက်စုံရော ပစ်ဝင်လိုက်ရမလား ဆိုပြန်တော့လည်း .. မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းက အတော်အုတ်မြစ်ခိုင်မာ စိတ်ချရတာဆိုတော့ မဖြစ်သေးပြန် ...
အဲသလိုနဲ့ အဲသလိုနဲ့ .. အဖေလည်းရှိနေတဲ့ ..အမျိုးသား အနုပညာနှင့် ယဉ်ကျေးမှုတက္ကသိုလ်ကိုပဲ ယောင်ပေပေနဲ့ရောက်သွားပါတော့တယ် .. ဒန်တန့်တန် ..
(အစက ယဉ်ကျေးမှုတက္ကသိုလ်လို့ခေါ်ပါတယ် ..အခု ၂၀၀၈ အစမှ ဒီနာမည်ကိုပြောင်းလိုက်ပါတယ် ..ဒီတက္ကသိုလ်ကြီးအကြောင်းကို မသိသူကများလေတော့.နောက်များမှ နည်းနည်းဆရာလုပ် ပါဦးမယ်..ခုတော့ ကိုယ့်အကြောင်းလေးကိုယ် ဆက်ပါရစေဦး)
အဲဒိတက္ကသိုလ်ကြီးမှာက ပန်းချီ.ပန်းပု..ဂီတ နဲ့ သဘင်ဆိုပြီး မေဂျာလေးခု ခွဲထားတာကလား ... (ရုပ်ရှင်မေဂျာကတော့ ၂၀၀၇ ခုနှစ်မှာ ထပ်တိုးပါတယ် ..ဤကား စကားချပ်) .. အဲ့မှာမှ ..အဖေက သူ့သမီးပေါက်ကျော်မကို သူ့ဌာနကို မခေါ်ချင်ဘူးနဲ့တူပါတယ် ..အတင်းပဲ ပန်းပုတက်ပါ ပန်းပုတက်ပါနဲ့ တိုက်တွန်းပါတယ် .. ဘယ်ရမလဲ ..ဒီကလည်း .. ပန်းချီနဲ့ဘွဲ့ယူပြီး ဒီဇိုင်နာလုပ်မှာ .. ပန်းချီပဲတက်မယ်ဆိုပြီး အတင်းတက် ..ဒီလိုနဲ့ပဲ ၄ နှစ်ပညာသင်ပြီး သကာလ ... BA(hons:)Painting,Q ဆိုပြီး အမြီးရှည်ရှည်ဘွဲ့လေးတစ်ခုကို ရခဲ့တယ်ဆိုပါစို့ ..(ရိုက်ရတာစိတ်မရှည်တော့လို့ ချုံ့လိုက်တာ ချက်ချင်းကို ဘွဲ့ရသွားတော့တာပဲ)
ဒီတော့ ..နန်းညီဘာလဲဆိုတာ နည်းနည်းတော့ ရိပ်မိလောက်ရောပေါ့ .. ပန်းချီဆရာတွေ အနုပညာသမားတွေက အရူးတွေများတယ်ဆိုကြတဲ့အတိုင်း .. ပန်းချီဆရာမ ပီသအောင် နည်းနည်းတော့ ရူးပေါပေါနိုင်ပါတယ် ...(ဘယ်သူမှ မပြောခင် ကြိုဝန်ခံထားတော့ နည်းနည်းသက်သာတာပေါ့) ..သည်းခံတော်မူကြပါ အရပ်ကတို့ . :P

2 comments:

  1. profile ကိုဖတ်ပြီးတော်တော်စိတ်ဝင်စားသွာားတယ်။
    ပွင့်ပွင့်လင်းလင်းရေးထားလို့။
    ရှားတယ်လေ။အဲလိုရေးကြတာ။
    ပိုက်ဆံမက်တယ်..ဆိုတာကိုတော်တော်လေးကိုသဘောကျမိတယ်။
    ခင်မင်ချင်တယ်ဗျာ။ဒါနဲ့ ဒီပို့စ်လေးပါဝင်ဖတ်မိတယ်။
    နောက်လည်းအမြဲလာအားပေးမယ်။
    ကျွန်တော်ကတော့ပန်ချီးကိုဘာသင်တန်းမှမတက်ပဲ
    တစ်ခါတစ်လေ ရူးလေ့ရှိတယ်။တကယ်ပါ...
    ကျွန်တော်ဆီလည်းဖိတ်ခေါ်ပါတယ်။
    ရေးချင်ရာရေးဆိုလို့ ကျွန်တော်တော့စိတ်ထဲရှိတာ
    အကုန်ရေးသွားလိုက်တယ်နော်....
    အမှားပါရင်ခွင့်လွှတ်...
    (လေးစားစွာဖြင့်)

    ReplyDelete
  2. ဖတ်သွားတယ်နန်းညီ.. မိုက်တယ်။

    ReplyDelete

your comment please

Powered by Blogger.